about-us-1

Our Approach

Shwe Myanma Thway (SMMT) is committed to supply world class products and services to our local market as well as South East Asia region. We are working with reliable partners globally to assure quality,  professionalism and ownership in every work we commit.

Our Story

ရွှေမြန်မာ့သွေး ကုမ္ပဏီလိမိတက် (SMMT Myanmar) ကို ၂၀၁၈၊ ဧပြီလတွင် မှတ်ပုံတင်အမှတ် (၁၁၉/၂၀၁၈-၂၀၁၉) ဖြင့် စတင်တည်ထောင်ခဲ့သည်။

တည်ထောင်သူမှာ သြစတေးလျ (Australia) နိုင်ငံမှ ပေးအပ်သော သတင်းအချက်အလက် နှင့် စီးပွားရေး ဘွဲ့ (Bachelor in Business IT)  ကို ရယူခဲ့ပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား နှင့် ထိုင်း နိုင်ငံများတွင် ၁၂ နှစ်ကျော် ကျန်းမာရေးနှင့် သတင်းအချက်အလက် နည်းပညာ နိုင်ငံတကာ အတွေ့အကြုံများကို ကိုယ်တိုင်ကိုယ်ကျ ရယူခဲ့သည်။

ထို့အပြင် စင်ကာပူနိုင်ငံ၏ အကြီးဆုံး ဆေးရုံသုံး နှင့် လူနာသုံး ပစ္စည်းများ ထုတ်လုပ် တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများမှ တစ်ခုဖြစ်သော DNR Wheels Pte Ltd တွင် ၅ နှစ်ကျော် တွဲဖက် လုပ်ကိုင်ခဲ့၍ စင်ကာပူနိုင်ငံရှိ အစိုးရ နှင့် ပုဂ္ဂလိကဆေးရုံများ သာမက အရှေ့တောင်အာရှ နိုင်ငံများသို့ နိုင်ငံတကာအဆင့်အတန်းမှီ နည်းပညာနှင့် ပစ္စည်းများ ရောင်းချ၊ ဖြန့်ဖြူးခဲ့သည်။ နည်းပညာများ လေ့ကျင့်သင်ကြား ပို့ချပေးခဲ့သည်။

ယခုအခါ ရွှေမြန်မာ့သွေး ကုမ္ပဏီလိမိတက် သည် DNR Wheels Pte Ltd (Singapore)  ၏ တစ်ဦးတည်းသော Official Myanmar Partner Company ဖြစ်ပြီး ၎င်းမှ ထုတ်လုပ် ဖြန့်ဖြူးတင်သွင်းရောင်းချသော Comfycare Brand ပစ္စည်းများ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ တစ်ဦးတည်းကိုယ်စားလှယ် ဖြစ်သည်။ {ကုန်တံဆိပ် မှတ်ပုံတင်အမှတ် ၄/၇၆၂၉ (၁၁-၀၇-၂၀၁၈)}

ရွှေမြန်မာ့သွေး ကုမ္ပဏီလိမိတက် တွင် ဝန်ထမ်းဦးရေ ၁၆ ဦးဖြင့် အောက်ပါ အဓိက ကဏ္ဍ နှစ်ခုခွဲ ၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

1.  Distribution =(ဖြန့်ဖြူးရောင်းချခြင်း) – အ ခြေခံ ကလေး လူကြီး ကျန်းမာရေးသုံး၊ ဆေးရုံသုံးနှင့် လူနာသုံးပစ္စည်းများအားအာမခံဖြင့်  တင်သွင်းဖြန့်ဖြူး ခြင်း။

2.  Services  = (ဝန်ဆောင်မှု)  – ကျန်မာရေး ဆိုင်ရာ ဗဟုသုတပညာပေး လေ့ကျင့်ရေးများ နှင့် Information Technology Services ဝန်ဆောင်မှုများပေးခြင်း။

Our Mission (ရည်ရွယ်ချက်)

ရွှေမြန်မာ့သွေး ကုမ္ပဏီလိမိတက် (SMMT Myanmar) ကို တည်ထောင်ရခြင်း ၏ အဓိက ရည်မှန်းချက်များ-

၁။ မြန်မာနိုင်ငံသားများ လူတန်းစားမရွေး အရည်အသွေးမှန် ဈေးနှုန်း မှန်ကန်သော နိုင်ငံတကာ အဆင့်အတန်းမှီ အာမခံချက်ရှိသော  ကျန်းမာရေးသုံး ပစ္စည်းများ ကို  လွယ်လင့်တကူ ဝယ်ယူသုံးစွဲနိုင်စေရန်။

၂၊ နိုင်ငံတကာမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သတ်သော ကုန်ပစ္စည်း၊ နည်းပညာ နှင့် ဗဟုသုတများ ကို တိကျ မှန်ကန်စွာ ပေးဝေထောက်ပံ့ နိုင်စေရန်။

၃။ ပြည်ပမှ နည်းပညာနှင့် အရင်းအနှီးများကို ပြည်တွင်းသို့ ခေါ်ဆောင်၍ မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် အသိပညာ အတတ်ပညာ လမ်းစများ ဖွင့်လှစ်ပေးနိုင်စေရန်။

၄။ မြန်မာနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ ပရဟိတ လုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာမှ တက်ကြွစွာ အားပေးပါဝင်ထောက်ပံ့နိုင်စေရန်။

Our Vision (ရည်မှန်းချက်)

ရွှေမြန်မာ့သွေး ကုမ္ပဏီလိမိတက် (SMMT Myanmar) ၏ ရည်မှန်းချက်များ-

၁။ ခုနှစ် ၂၀၂၀ အမှီ မြန်မာနိုင်ငံသားများနှင့် တကွ မြန်မာ့ အစိုရနှင့် ပုဂ္ဂလိကဆေးရုံများ ၏ ယုံကြည်အားထားရဆုံး တင်သွင်းဖြန့်ဖြူးသူ (Most Preferred & Trusted Distributing Supplier) ဖြစ်လာစေရေး။

၂။ ခုနှစ် ၂၀၂၃ အမှီ တင်သွင်းဖြန့်ဖြူးခြင်း နှင့် ဝန်ဆောင်မှု လုပ်ငန်းစဉ်များသာမက၊ ပြည်တွင်းဈေးကွက် အပြင် ပြည်ပဈေးကွက် ကိုပါ ထိုးဖောက် နိုင်သော အရည်အသွေးမြင့် ကုန်ပစ္စည်းများကို မြန်မာပြည်တွင်းတွင် ထုတ်လုပ်ဖြန်ဖြူးနိုင်စေရေး။

Our Contact 

Address: 18A-1D  Shwe Yadanar Lane, Kyaik Wine Pagoda Road, 8 Miles, MYGN, Yangon,

Myanmar.

Email: sales@smmtmyanmar.com

Tel: -95 1 666 752, +95 9 441 580 157 (Viber Available)

Facebook: facebook.com/smmtmyanmar

Contact Us to Find Out More….

Contact Us


Call to Action