MARSI (Medical Adhesive Related Skin Injuries – ကော်ကပ်ခြင်းကြောင့် ဖြစ်ပေါ်သော အရေပြား အနာတရများ)

[Zawgyi]

MARSI (Medical Adhesive Related Skin Injuries – ေကာ္ကပ္ျခင္းေၾကာင့္ ျဖစ္ေပၚေသာ အေရျပား အနာတရမ်ား)

မဂၤလာပါ ☺🙏

MARSI ဆိုတာ က်ေနာ္တို႔နဲ႔ မစိမ္းပါဘူး.
ဥပမာ… ပလာစတာ တို႔၊ ေဆးသြင္းတဲ့ ပိုက္တို႔ကို ထိန္းထားတဲ့ Tape ေတြကို အေရျပားက ခြာလိုက္ရင္ တခါတေလ နာလြန္းလို႔ မခံမရပ္ႏိုင္ျဖစ္ၾကတာ၊ ခြာၿပီးမွ အေရျပားေလာင္တဲ့ အကြက္ႀကီးေတြေတြ႕ရတာ ႀကဳံဖူးၾကတယ္ဟုတ္.. အဲ့တာ MARSI အေသးစား ပါ။

လူငယ္ပိုင္း လူလတ္ပိုင္း နဲ႔ က်န္းမာသန္စြမ္းေနေသးတဲ့လူနာေတြ အတြက္ နာ႐ုံေလာက္နဲ႔ ၿပီးသြားေပမဲ့ ၊ သက္ႀကီး ႐ြယ္အိုမ်ား ကေလးမ်ား နာတာရွည္လူနာမ််ား၊ အခ်ိဳ႕ေသာ ဆီးခ်ိဳေရာဂါ ေဝဒနာရွင္မ်ား အတြက္ ဂ႐ုမျပဳမိရင္ အေရျပား စုတ္ၿပဲ ၿပီး ဒဏ္ရာ အနာတရကေန အျခားမလိုလားအပ္တဲ့ အေရျပားျပသနာ ျဖစ္ေလာက္တဲ့ အထိ MARSI ဟာ ဆိုး႐ြားႏိုင္ပါတယ္..

မိမိခ်စ္တဲ့ သူေတြကို ဒီလို အေျခခံ အေသးစားျပသနာ ကစတဲ့ မလိုလားအပ္တဲ့ ေဝဒနာ အႀကီးႀကီးေတြကေန ကာကြယ္ႏိုင္ေအာင့္ ဗဟုသုတအေနနဲ႔ ဒီ Post မွာ MARSI ကို ဘာေၾကာင့္ျဖစ္တယ္၊ ဘယ္လိုမ်ိဳး ေတြျဖစ္ႏိုင္တယ္၊ ဘယ္လို လြယ္လြယ္နဲ႔ ကာကြယ္ႏိုင္လဲဆိုတာကို ေျပာျပထားပါတယ္.. အေသးစိတ္သိလိုလွ်င္ chatbox က တဆင့္ ေမးျမန္းႏိုင္ပါတယ္။

၁) MARSI ဘာေၾကာင့္ျဖစ္တယ္
======================

– လူနာမွာ နဂို အေရျပားျပသနာ၊ allergies အခံရွိရင္
– လူနာ အေရျပားနဲ႔ ကိုက္ညီတဲ့ tape/plaster မသုံးရင္၊ သုံးရမွန္းမသိရင္
– Tape/Plaster ကို စနစ္တက် ဘယ္လိုကပ္ရမည္မသိရင္
– Tape/Plaster ကို စနစ္တက် ဘယ္လို ခြာရမည္ဆိုတာမသိရင္

အေပၚက အခ်က္ တစ္ခုခု ေၾကာင့္ MARSI ျဖစ္ႏိုင္ပါတယ္။

၂) ဘယ္သူေတြမွာ ပိုျဖစ္ႏိုင္ေျခမ်ားလဲ
==========================

– သက္ႀကီး႐ြယ္အိုမ်ား
– ေမြးကင္းစကေလးမ်ား
– ခြဲစိတ္ခံလူနာမ်ား
– နာတာရွည္၊ ဆီးခ်ိဳ၊ ကင္ဆာ ႏွင့္ အျခား ႏွစ္ရွည္ ေရာဂါ ကုသမႈခံယူေနသူမ်ား ႏွင့္ အေရးေပၚလူနာမ်ား၊

အေၾကာင္းက သူတို႔ရဲ႕ အေရျပားဟာ tape/plaster ကပ္လိုက္ရင္ ပုံမွန္ထက္ ထိခိုက္လြယ္ပါတယ္။

၃) MARSI ဘယ္ႏွမ်ိဳးရွိလဲ
==================

– အေရျပားလန္ထြက္ျခင္း
-အေရၾကည္ဖု ထၿပီး အေရျပား စုတ္ၿပဲျခင္း
-အေရျပားေပၚရွိ အေမႊးတြင္းထဲ ျပည္တည္အနာျဖစ္ျခင္း
-အေရျပားပြၿပီး ကြဲျခင္း
-အေရျပား ၿပဲထြက္ျခင္း
-Allergic reaction ျဖစ္ၿပီး အေရျပား ေရာင္ကိုင္းျခင္း
-အေရျပား ေလာင္ျခင္း

ဆိုၿပီး tape /plaser အေရျပားေပၚကပ္ျခင္းေၾကာင့္ ရႏိုင္တဲ့ MARSI အေျခခံ (၇) မ်ိဳး ရွိၿပီး ထိုမွ တဆင့္ ပိုမို ျပင္းထန္ေသာ ေရာဂါဒဏ္ရာသို႔ ဦးတည္ႏိုင္ပါတယ္။

၄) ဘယ္လိုကာကြယ္ၾကမလဲ
====================
(ဓါတ္ပုံ တစ္ပုံျခင္းတြင္ၾကည့္ပါရန္)

လူနာ တစ္ေယာက္အတြက္ tape/plaster တစ္ခုကို ခႏၶာကိုယ္ရဲ႕ မည္သည့္ေနရာတြင္မဆို ကပ္ေတာ့မည္ဆိုလွ်င္

– လူနာတစ္ဦးစီရဲ႕ အေရျပား အေျခအေနကို ဦးစြာ နားလည္ေအာင္ စစ္ေဆးပါ။ တခ်ိဳ႕လူနာေတြက ႐ိုး႐ိုး tape သုံးလို႔ရေသာ္လည္း တခ်ိဳ႕လူနာမ်ားက silicon tape မ်ားသုံးရပါတယ္။

– လူနာနဲ႔ ကိုက္ညီတဲ့ tape/plaster ကိုေ႐ြးခ်ယ္ပါ။ အနာေပၚ၊ အသုံးျပဳမႈအေပၚလိုက္ၿပီး tape/dressing အမ်ိဳးအစား ေ႐ြးခ်ယ္မႈမွန္ကန္ရပါတယ္၊ ဥပမာ – တခ်ိဳ႕က ေရေငြအျပင္ ထြက္ႏိုင္တဲ့ tape လိုၿပီးေတာ့၊ တခ်ိဳ႕က ေရလုံတဲ့ dressing လိုပါတယ္။

– Tape/Plaster ကိုစနစ္တက် ကပ္ပါ/ခြာပါ။ ဒီအခ်က္က အေရးႀကီးဆုံးပါ။ တခ်ိဳ႕ က်န္းမာေရးဝန္ထမ္းမ်ားပင္ မလိုက္နာၾကပါဘူး၊ ပုံႏွင့္တကြ ရွင္းျပထားပါတယ္။ လိုအပ္ေသာ cleanser မ်ား၊ tape အမ်ိဳးအစားမ်ားကို ေမးျမန္းဆက္သြယ္ႏိုင္ပါတယ္။

-အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ MARSI ျဖစ္ခဲ့လွ်င္လည္း ကုသမႈ ခ်က္ခ်င္းခံယူပါ။

အေသးစိတ္ကိုေတာ့တစ္ ပုံ ျခင္းစီ မွာ ေဖၚျပထားပါတယ္။ သိထားသင့္သူမ်ားထံသို႔ေဝငွျခင္းျဖင့္ မိမိ ခ်စ္ေသာသူ မ်ားႏွင့္ ၎တို႔၏ မိသားစုဝင္မ်ား ကို MARSI မျဖစ္ေအာင္ ကာကြယ္ေပးၾကရေအာင္။

ဒီ Post ကို ကိုယ္တိုင္ သုေတသန ျပဳထားေသာ 3M – Get To Know MARSI မွ မွီျငမ္းၿပီး ေရးသားထားတဲ့ အတြက္ သတင္းအခ်က္အလက္အားလုံးဟာ မွန္ကန္ေၾကာင္း စိတ္ခ်ရေၾကာင္း အာမခံ ပါတယ္။
က်ေနာ္တို႔ ေ႐ႊျမန္မာ့ေသြး SMMT မွာ 3M Authorized Distributor မ်ားရဲ႕ အေရျပားကြ ်မ္းက်င္ Skin Specialist မ်ား ႏွင့္ လက္တြဲၿပီး လုပ္ေဆာင္ေနေၾကာင္း သတင္းေကာင္းပါးပါရေစ ။

အေသးစိတ္သိလိုလ ွ်င္ chatbox မွ လည္းေကာင္း၊ sales@smmtmyanmar.com သို႔လည္းေကာင္း ဆက္သြယ္ေမးျမန္းႏိုင္ပါတယ္။

ျမန္မာတို႔၏ အေသြးအသားထဲတြင္ အၿမဲ စီးဆင္းေနမည့္ ေ႐ႊျမန္မာ့ေသြး။ ။

[Unicode]

MARSI (Medical Adhesive Related Skin Injuries – ကော်ကပ်ခြင်းကြောင့် ဖြစ်ပေါ်သော အရေပြား အနာတရများ)

မင်္ဂလာပါ ☺🙏

MARSI ဆိုတာ ကျနော်တို့နဲ့ မစိမ်းပါဘူး.
ဥပမာ… ပလာစတာ တို့၊ ဆေးသွင်းတဲ့ ပိုက်တို့ကို ထိန်းထားတဲ့ Tape တွေကို အရေပြားက ခွာလိုက်ရင် တခါတလေ နာလွန်းလို့ မခံမရပ်နိုင်ဖြစ်ကြတာ၊ ခွာပြီးမှ အရေပြားလောင်တဲ့ အကွက်ကြီးတွေတွေ့ရတာ ကြုံဖူးကြတယ်ဟုတ်.. အဲ့တာ MARSI အသေးစား ပါ။

လူငယ်ပိုင်း လူလတ်ပိုင်း နဲ့ ကျန်းမာသန်စွမ်းနေသေးတဲ့လူနာတွေ အတွက် နာရုံလောက်နဲ့ ပြီးသွားပေမဲ့ ၊ သက်ကြီး ရွယ်အိုများ ကလေးများ နာတာရှည်လူနာမျျား၊ အချို့သော ဆီးချိုရောဂါ ဝေဒနာရှင်များ အတွက် ဂရုမပြုမိရင် အရေပြား စုတ်ပြဲ ပြီး ဒဏ်ရာ အနာတရကနေ အခြားမလိုလားအပ်တဲ့ အရေပြားပြသနာ ဖြစ်လောက်တဲ့ အထိ MARSI ဟာ ဆိုးရွားနိုင်ပါတယ်..

မိမိချစ်တဲ့ သူတွေကို ဒီလို အခြေခံ အသေးစားပြသနာ ကစတဲ့ မလိုလားအပ်တဲ့ ဝေဒနာ အကြီးကြီးတွေကနေ ကာကွယ်နိုင်အောင့် ဗဟုသုတအနေနဲ့ ဒီ Post မှာ MARSI ကို ဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုမျိုး တွေဖြစ်နိုင်တယ်၊ ဘယ်လို လွယ်လွယ်နဲ့ ကာကွယ်နိုင်လဲဆိုတာကို ပြောပြထားပါတယ်.. အသေးစိတ်သိလိုလျှင် chatbox က တဆင့် မေးမြန်းနိုင်ပါတယ်။

၁) MARSI ဘာကြောင့်ဖြစ်တယ်
======================

– လူနာမှာ နဂို အရေပြားပြသနာ၊ allergies အခံရှိရင်
– လူနာ အရေပြားနဲ့ ကိုက်ညီတဲ့ tape/plaster မသုံးရင်၊ သုံးရမှန်းမသိရင်
– Tape/Plaster ကို စနစ်တကျ ဘယ်လိုကပ်ရမည်မသိရင်
– Tape/Plaster ကို စနစ်တကျ ဘယ်လို ခွာရမည်ဆိုတာမသိရင်

အပေါ်က အချက် တစ်ခုခု ကြောင့် MARSI ဖြစ်နိုင်ပါတယ်။

၂) ဘယ်သူတွေမှာ ပိုဖြစ်နိုင်ခြေများလဲ
==========================

– သက်ကြီးရွယ်အိုများ
– မွေးကင်းစကလေးများ
– ခွဲစိတ်ခံလူနာများ
– နာတာရှည်၊ ဆီးချို၊ ကင်ဆာ နှင့် အခြား နှစ်ရှည် ရောဂါ ကုသမှုခံယူနေသူများ နှင့် အရေးပေါ်လူနာများ၊

အကြောင်းက သူတို့ရဲ့ အရေပြားဟာ tape/plaster ကပ်လိုက်ရင် ပုံမှန်ထက် ထိခိုက်လွယ်ပါတယ်။

၃) MARSI ဘယ်နှမျိုးရှိလဲ
==================

– အရေပြားလန်ထွက်ခြင်း
-အရေကြည်ဖု ထပြီး အရေပြား စုတ်ပြဲခြင်း
-အရေပြားပေါ်ရှိ အမွှေးတွင်းထဲ ပြည်တည်အနာဖြစ်ခြင်း
-အရေပြားပွပြီး ကွဲခြင်း
-အရေပြား ပြဲထွက်ခြင်း
-Allergic reaction ဖြစ်ပြီး အရေပြား ရောင်ကိုင်းခြင်း
-အရေပြား လောင်ခြင်း

ဆိုပြီး tape /plaser အရေပြားပေါ်ကပ်ခြင်းကြောင့် ရနိုင်တဲ့ MARSI အခြေခံ (၇) မျိုး ရှိပြီး ထိုမှ တဆင့် ပိုမို ပြင်းထန်သော ရောဂါဒဏ်ရာသို့ ဦးတည်နိုင်ပါတယ်။

၄) ဘယ်လိုကာကွယ်ကြမလဲ
====================
(ဓါတ်ပုံ တစ်ပုံခြင်းတွင်ကြည့်ပါရန်)

လူနာ တစ်ယောက်အတွက် tape/plaster တစ်ခုကို ခန္ဓာကိုယ်ရဲ့ မည်သည့်နေရာတွင်မဆို ကပ်တော့မည်ဆိုလျှင်

– လူနာတစ်ဦးစီရဲ့ အရေပြား အခြေအနေကို ဦးစွာ နားလည်အောင် စစ်ဆေးပါ။ တချို့လူနာတွေက ရိုးရိုး tape သုံးလို့ရသော်လည်း တချို့လူနာများက silicon tape များသုံးရပါတယ်။

– လူနာနဲ့ ကိုက်ညီတဲ့ tape/plaster ကိုရွေးချယ်ပါ။ အနာပေါ်၊ အသုံးပြုမှုအပေါ်လိုက်ပြီး tape/dressing အမျိုးအစား ရွေးချယ်မှုမှန်ကန်ရပါတယ်၊ ဥပမာ – တချို့က ရေငွေအပြင် ထွက်နိုင်တဲ့ tape လိုပြီးတော့၊ တချို့က ရေလုံတဲ့ dressing လိုပါတယ်။

– Tape/Plaster ကိုစနစ်တကျ ကပ်ပါ/ခွာပါ။ ဒီအချက်က အရေးကြီးဆုံးပါ။ တချို့ ကျန်းမာရေးဝန်ထမ်းများပင် မလိုက်နာကြပါဘူး၊ ပုံနှင့်တကွ ရှင်းပြထားပါတယ်။ လိုအပ်သော cleanser များ၊ tape အမျိုးအစားများကို မေးမြန်းဆက်သွယ်နိုင်ပါတယ်။

-အကြောင်းအမျိုးမျိုးကြောင့် MARSI ဖြစ်ခဲ့လျှင်လည်း ကုသမှု ချက်ချင်းခံယူပါ။

အသေးစိတ်ကိုတော့တစ် ပုံ ခြင်းစီ မှာ ဖေါ်ပြထားပါတယ်။ သိထားသင့်သူများထံသို့ဝေငှခြင်းဖြင့် မိမိ ချစ်သောသူ များနှင့် ၎င်းတို့၏ မိသားစုဝင်များ ကို MARSI မဖြစ်အောင် ကာကွယ်ပေးကြရအောင်။

ဒီ Post ကို ကိုယ်တိုင် သုတေသန ပြုထားသော 3M – Get To Know MARSI မှ မှီငြမ်းပြီး ရေးသားထားတဲ့ အတွက် သတင်းအချက်အလက်အားလုံးဟာ မှန်ကန်ကြောင်း စိတ်ချရကြောင်း အာမခံ ပါတယ်။
ကျနော်တို့ ရွှေမြန်မာ့သွေး SMMT မှာ 3M Authorized Distributor များရဲ့ အရေပြားကွ ျမ်းကျင် Skin Specialist များ နှင့် လက်တွဲပြီး လုပ်ဆောင်နေကြောင်း သတင်းကောင်းပါးပါရစေ ။

အသေးစိတ်သိလိုလ ျှင် chatbox မှ လည်းကောင်း၊ sales@smmtmyanmar.com သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

မြန်မာတို့၏ အသွေးအသားထဲတွင် အမြဲ စီးဆင်းနေမည့် ရွှေမြန်မာ့သွေး။ ။

 

Leave a Reply

Your email address will not be published. Required fields are marked *