COVID-19 Outbreak – Preventive Measures (Tier 1) Activation အနေနှင့် ရွှေမြန်မာ့သွေး တွင် အောက်ပါ ပြင်ဆင်ဆောင်ရွက်မှုများကို ရွှေမြန်မာ့သွေး Customers, Clients နှင့် Suppliers များအား လေးစားစွာ အသိပေးအပ်ပါတယ်။
၁) ရုံးဖွင့်ချိန်အား 7:30 AM – 4 PM (Monday – Friday) သို့ ရက်အကန့် အသတ် မရှိ ပြောင်းလဲသတ်မှတ်ထားပါသည်။
၂) ရုံးပရဝုဏ်အတွင်းသို့ တာဝန်ရှိသူ/ ဝင်ခွင့်ရသူ မှ အပ လုံးဝ မဝင်ရပါ။
၃) ရုံးပရဝုဏ် အတွင်းသို့ ဝင်ခွင့်ရသူ များ သည် တစ်ခါလျှင်တစ်ယောက်သာဝင်ခွင့်ရှိပြီး၊ ကိုယ်အပူချိန် စစ်ဆေးေအာင်မြင်ပြီး၊ လက်နှင့်မျက်နှာကို သတ်မှတ်ထားသော လက်ဆေးစင်တွင် ဆပ်ပြာနှင့်စနစ်တကျ ဆေးကြောပြီးမှသာ လက်ခံတွေ့ဆုံမည် ဖြစ်ပါသည်။
၄) ရုံးပရဝုဏ် ဝင်ခွင့်ရသူများသည် ရုံး အဆောက်အအုံအတွင်းသို့ ဝင်ခွင့် လုံးဝ မရှိပါ။
၅) ရွှေမြန်မာ့သွေးအဖွဲ့သားများအားလုံးကလည်း social distance ပြုလုပ်ခြင်း၊ လက် နှင့် မျက်နှာ ကို ပုံမှန် ဆေးကြောခြင်း၊ ရုံးတက်ရုံးဆင်းတိုင်း အဝတ်အစားလဲခြင်း၊ အားဆေးနှင့်ရေ ပုံမှန်သောက်သုံးခြင်း၊ အပြင်ထွက်သူများ လက်အိတ်၊ မျက်နှာဖုံး ဝတ်ဆင်ခြင်း၊ handgel ပုံမှန်သုံးစွဲခြင်း၊ ကိုယ်အပူချိန် အမြဲစစ်ဆေးခြင်း၊ ရုံးတွင်းရုံးပြင် ပိုးသတ်သန့်ရှင်းရေးပြုလုပ်ခြင်းများကို နေ့စဉ် အချိန်မှန် ပြုလုပ်လျက်ရှိပါကြောင်း။
၆) Products/Service နှင့်ပတ်သက်သော မေးမြန်းလိုသည်များကို Facebook Chat Box (သို့) Viber 09441580157 (သို့) Email – sales@smmtmyanmar.com မှတဆင့် မေးမြန်းဆွေးနွေးပေးပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။
မြန်မာပြည်သူပြည်သား အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ဘေးဘယာဝေးကွာ အေးချမ်းသာယာ ကြပါစေ 😷🙏