Donation At City Hall (Hinthada)

[Zawgyi]

မဂၤလာပါ
၂၀၁၈၊ ႏိုဝင္ဘာလ ၂ ရက္ (ေသာၾကာေန႔)တြင္ ဟသၤာတ ၿမိဳ႕ေတာ္ခန္းမမွာ Myanmar Physically Handicapped Association ရန္ကုန္႐ုံးခ်ဳပ္ႏွင့္ ၎၏ ဟသၤာတ႐ုံးခြဲမွ ႀကီးမႉးက်င္းပေသာ မသန္းစြမ္းသုံးအေထာက္ကူျပဳ ပစၥည္းမ်ားလႉဒါန္းပြဲ အခမ္းအနားသို႔ အျခားအလႉရွင္အဖြဲ႕အစည္းမ်ားႏွင့္အတူ ေ႐ႊျမန္မာ့ေသြးကုမၸဏီ မန္းေနးဂ်င္းဒါ႐ိုက္တာ ကိုပိုင္သန႔္ ကိုယ္တိုင္တက္ေရာက္လႉတန္းခဲ့ပါတယ္။

လႉဒါန္းရျခင္းအေၾကာင္းအရင္းႏွင့္တကြ လႉဒါန္းသည့္ပစၥည္းမ်ားအေၾကာင္း၊ သုံးစြဲပုံသုံးစြဲနည္းမ်ားကိုပါ ရွင္းလင္းသင္ျပေျပာၾကားခဲ့ပါတယ္။

ဤသို႔ ျမန္မာ့ျပည္သူမ်ားအတြက္ လိုအပ္သည့္ေနရာမ်ားတြင္ ပစၥည္းေရာ၊ နည္းပညာပါ တိုက္႐ိုက္ လႉဒါန္းခြင့္ရတဲ့အတြက္ က်ေနာ္မ်ား ေ႐ႊျမန္မာ့ေသြးကုမၸဏီမိသားစုမွ အလြန္ေက်နပ္ဝမ္းေျမာက္သည့္အျပင္၊ စီစဥ္ေပးေသာ အဖြဲ႕အစည္းမ်ားကိုလည္း အထူးေက်းဇူးတင္ပါတယ္။

ဒီ့ထက္မက ေရွ႕ဆက္ၿပီး လႉဒါန္းႏိုင္ေအာင္၊ တဖက္တလမ္း တေထာင့္တေနရာမွ ပါဝင္ကူညီႏိုင္ေအာင္ ႀကိဳးစားေနပါေၾကာင္း 😊🙏🏻

[Unicode]

မင်္ဂလာပါ
၂၀၁၈၊ နိုဝင်ဘာလ ၂ ရက် (သောကြာနေ့)တွင် ဟင်္သာတ မြို့တော်ခန်းမမှာ Myanmar Physically Handicapped Association ရန်ကုန်ရုံးချုပ်နှင့် ၎င်း၏ ဟင်္သာတရုံးခွဲမှ ကြီးမှူးကျင်းပသော မသန်းစွမ်းသုံးအထောက်ကူပြု ပစ္စည်းများလှူဒါန်းပွဲ အခမ်းအနားသို့ အခြားအလှူရှင်အဖွဲ့အစည်းများနှင့်အတူ ရွှေမြန်မာ့သွေးကုမ္ပဏီ မန်းနေးဂျင်းဒါရိုက်တာ ကိုပိုင်သန့် ကိုယ်တိုင်တက်ရောက်လှူတန်းခဲ့ပါတယ်။

လှူဒါန်းရခြင်းအကြောင်းအရင်းနှင့်တကွ လှူဒါန်းသည့်ပစ္စည်းများအကြောင်း၊ သုံးစွဲပုံသုံးစွဲနည်းများကိုပါ ရှင်းလင်းသင်ပြပြောကြားခဲ့ပါတယ်။

ဤသို့ မြန်မာ့ပြည်သူများအတွက် လိုအပ်သည့်နေရာများတွင် ပစ္စည်းရော၊ နည်းပညာပါ တိုက်ရိုက် လှူဒါန်းခွင့်ရတဲ့အတွက် ကျနော်များ ရွှေမြန်မာ့သွေးကုမ္ပဏီမိသားစုမှ အလွန်ကျေနပ်ဝမ်းမြောက်သည့်အပြင်၊ စီစဉ်ပေးသော အဖွဲ့အစည်းများကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ဒီ့ထက်မက ရှေ့ဆက်ပြီး လှူဒါန်းနိုင်အောင်၊ တဖက်တလမ်း တထောင့်တနေရာမှ ပါဝင်ကူညီနိုင်အောင် ကြိုးစားနေပါကြောင်း 😊🙏🏻

Leave a Reply

Your email address will not be published. Required fields are marked *