Donation For Lovely Child At Yangon Children’s Hospital

[Zawgyi]

Mommy Cook ခိုကိုးရာမဲ့ ကိုယ္ဝန္ေဆာင္မ်ား ကူညီေရး(မရွင္ၿငိမ္းမယ္) ၏ကေလးငယ္တစ္ေယာက္ ခြဲစိတ္ရန္လိုအပ္ေသာ ပစၥည္းအားရွာေဖြတင္သြင္းလႉဒါန္းႏိုင္ခဲ့ပါေၾကာင္း။ ။

ေရွ႕တစ္ပတ္က က်ေနာ္တို႔ မိတ္ေဆြ ႏွစ္ေယာက္ (တစ္ေယာက္ တစ္ႏိုင္ငံစီကေန) လွမ္းအေၾကာင္းၾကားပါတယ္။ ရန္ကုန္ကေလးေဆး႐ုံႀကီးမွာ ခြဲစိတ္ရမယ့္ မိဘမဲ့ကေလးတစ္ေယာက္ Peritoneal Dialysis Catheter မရွိလို႔ မခြဲစိတ္ရပဲ ေစာင့္ေနရတယ္ ကူႏိုင္ရင္ ကူညီေပးပါဆိုၿပီး။

ဒီပစၥည္းက က်ေနာ္တိုရဲ႕သြင္းကုန္ထဲမွ တစ္ခုမဟုတ္ေပမဲ့ က်ေနာ္တို႔သတင္းၾကားၾကားျခင္း ရန္ကုန္က အထင္ကရ ေဆးပစၥည္းကုမၸဏီႀကီးမ်ား၊ ေဆး႐ုံးႀကီးမ်ားမွာ တစ္႐ုံဝင္ တစ္႐ုံထြက္ Peritoneal Catheter ကိုလိုက္ရွာခဲ့ပါတယ္။ လုံးဝမရွိပါဘူး။

Singapore နဲ႔ South East Asia Region မွာ ေမးေတာ့လည္းအံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ ပဲ ဒီပစၥည္းမရွိဘူးလို႔ေျပာပါတယ္ ။

ကေလးတစ္ေယာက္အေနနဲ႔ သူ႔ဘဝရဲ႕ မိရင္းဖရင္းထံမွ ပထမေမွ်ာ္လင့္ခ်က္ ကုန္ဆုံးခဲ့ဖူးပါၿပီ။ ခုလို ဘဝရဲ႕ ေနာက္ထပ္ ထိုးႏွက္ခ်က္ကို ခံရမယ္ဆိုရင္ က်ေနာ္တို႔ ဘယ္လိုမွ လက္ပိုက္ၾကည့္မေနႏိုင္ေတာ့ပါဘူး။

ဒါနဲ႔ က်ေနာ္တို႔ ခ်က္ခ်င္း Medcomp Canada ႐ုံးခ်ဳပ္ကိုလွမ္းဆက္သြယ္ၿပီး အႀကိဳးအေၾကာင္းေျပာျဖစ္ပါတယ္။ ကံေကာင္းေထာက္မစြာနဲ႔ ေနာက္တစ္ရက္မွာ Medcomp Canada က လိုေနတဲ့ ကေလးသုံး Catheter ဟာ New Zealand မွာသာရွိတဲ့အေၾကာင္း၊ တစ္ခုထဲလိုတယ္ ဆိုရင္ လႉပါမည္အေၾကာင္း၊ ခ်က္ခ်င္းပဲ မွီရာေလယာဥ္နဲ႔ ပို႔လိုက္မည္ျဖစ္ေၾကာင္း အေၾကာင္းျပန္ပါတယ္။

အားလုံးေပါင္းစပ္စီစဥ္မႈနဲ႔ ကေလးအတြက္ Catheter ဟာ မေန႔က (24 Nov 2018) မွာ ေလဆိပ္ဂိုေထာင္ကိုေရာက္ပါတယ္။ ေရာက္ေရာက္ခ်င္း က်ေနာ္တို႔ Myanmar Custom Officer မ်ားကိုအထူးအစီရင္ခံခြင့္ေတာင္းၿပီး Custom Clearance လုပ္ခဲ့ပါတယ္။ Myanmar Custom အရာရွိမ်ားနဲ႔ warehouse အဖြဲ႕သားမ်ား ပူးေပါင္းကူညီမႈေၾကာင့္ (စေန ႐ုံးပိတ္ရက္ျဖစ္ေသာ္လည္း) မေန႔ညေနက ပစၥည္းထုတ္လုပ္မႈၿပီးစီးသြားပါတယ္။ (Medcomp ကလိုရမယ္ရ တစ္ခု အပိုထည့္ၿပီး Catheter ၂ ခု လႉလိုက္ပါတယ္)

ဒီေန႔မနက္ပဲ ရန္ကုန္ကေလးေဆး႐ုံႀကီး၊ ေက်ာက္ကပ္ဌာန သို႔ ေပးပို႔ၿပီး၊ ကေလးလူနာအား အျမန္ဆုံးခြဲစိတ္မည္ျဖစ္ေၾကာင္း တာဝန္က် ဆရာမမ်ား ႏွင့္ လူနာ၏ အုပ္ထိန္းသူမ်ား ဆီက ဝမ္းေျမာက္ဝမ္းသာ ၾကားသိရပါတယ္။

ခြဲစိတ္မႈ ေအာင္ျမင္ေခ်ာေမြ႕ၿပီး ကေလးေလး အျမန္ဆုံး က်န္းမာ႐ႊင္လန္းပါေစလို႔ ဆုေတာင္းပါတယ္။

အားလုံး၏ႀကိဳးစားမႈ ကိုေက်းဇူးတင္ပါတယ္။
အထူးသျဖင့္ လုံးဝမျမင္ဖူးတဲ့ လူနာကေလးတစ္ေယာက္ေပၚ ေမတၱာထားၿပီး ကူညီေပးခဲ့ၾကေသာ-

၁) က်ေနာ္တို႔ကို ကူညီခြင့္ရေအာင္ သတိတရ အေၾကာင္းၾကားေပးေသာ ကိုညီေထြး (Singapore)၊ မေဝမီဟန္ Charlene Ray (ရန္ကုန္)

၂) Medcomp မွ စီစဥ္လႉဒါန္းေပးေသာ Emma, Doreen ႏွင့္ Susan အဖြဲ႕

၃) ႐ုံးပိတ္ရက္ျဖစ္ေသာ္လည္း မရရေအာင္ ႀကိဳးစားကူညီေပးေသာ Myanmar Custom မွ ဦးရဲထြဋ္ေအာင္၊ ဦးေအာင္ၿဖိဳးခန႔္၊ ေဒၚကလ်ာ၊ ေလယာဥ္ကုန္ေလွာင္႐ုံမွ ဦးတင္ျမင့္၊ ဦးေဇယ်ာ။

၄) အစအဆုံး တာဝန္ယူေျဖရွင္းေပးေသာ ေ႐ႊျမန္မာ့ေသြးကုမၸဏီ မွ Managing Director ကိုပိုင္သန႔္၊ Connected Advisor ဦးသန္းထြန္းေအာင္ တို႔အား ေက်းဇူးအထူးတင္ရွိပါတယ္။

ျမန္မာႏိုင္ငံမွ ကေလးတစ္ေယာက္အား Healthcare Professional ဆန္စြာ ကူညီလႉဒါန္းေပးခဲ့ၾကတဲ့ Medcomp Canada ႏွင္ Medcomp New Zealand မွ တာဝန္ရွိသူမ်ား ကို ေက်းဇူးသိတတ္ေသာ ျမန္မာလူမ်ိဳးမ်ားအေနႏွင့္ ေအာက္ပါ email မ်ားမွ တဆင့္ ေက်းဇူးတင္လႊာ ပို႔ေပးႏိုင္ၾကပါေၾကာင္း။

Emma – eruth@medcompnet.com
Doreen – doreen@medcompnet.com
Susan – sconroy@nzms.co.nz
Ruth – rhughes@nzms.co.nz

[Unicode]

Mommy Cook ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များ ကူညီရေး(မရှင်ငြိမ်းမယ်) ၏ကလေးငယ်တစ်ယောက် ခွဲစိတ်ရန်လိုအပ်သော ပစ္စည်းအားရှာဖွေတင်သွင်းလှူဒါန်းနိုင်ခဲ့ပါကြောင်း။ ။

ရှေ့တစ်ပတ်က ကျနော်တို့ မိတ်ဆွေ နှစ်ယောက် (တစ်ယောက် တစ်နိုင်ငံစီကနေ) လှမ်းအကြောင်းကြားပါတယ်။ ရန်ကုန်ကလေးဆေးရုံကြီးမှာ ခွဲစိတ်ရမယ့် မိဘမဲ့ကလေးတစ်ယောက် Peritoneal Dialysis Catheter မရှိလို့ မခွဲစိတ်ရပဲ စောင့်နေရတယ် ကူနိုင်ရင် ကူညီပေးပါဆိုပြီး။

ဒီပစ္စည်းက ကျနော်တိုရဲ့သွင်းကုန်ထဲမှ တစ်ခုမဟုတ်ပေမဲ့ ကျနော်တို့သတင်းကြားကြားခြင်း ရန်ကုန်က အထင်ကရ ဆေးပစ္စည်းကုမ္ပဏီကြီးများ၊ ဆေးရုံးကြီးများမှာ တစ်ရုံဝင် တစ်ရုံထွက် Peritoneal Catheter ကိုလိုက်ရှာခဲ့ပါတယ်။ လုံးဝမရှိပါဘူး။

Singapore နဲ့ South East Asia Region မှာ မေးတော့လည်းအံ့သြဖွယ်ကောင်းလောက်အောင် ပဲ ဒီပစ္စည်းမရှိဘူးလို့ပြောပါတယ် ။

ကလေးတစ်ယောက်အနေနဲ့ သူ့ဘဝရဲ့ မိရင်းဖရင်းထံမှ ပထမမျှော်လင့်ချက် ကုန်ဆုံးခဲ့ဖူးပါပြီ။ ခုလို ဘဝရဲ့ နောက်ထပ် ထိုးနှက်ချက်ကို ခံရမယ်ဆိုရင် ကျနော်တို့ ဘယ်လိုမှ လက်ပိုက်ကြည့်မနေနိုင်တော့ပါဘူး။

ဒါနဲ့ ကျနော်တို့ ချက်ချင်း Medcomp Canada ရုံးချုပ်ကိုလှမ်းဆက်သွယ်ပြီး အကြိုးအကြောင်းပြောဖြစ်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ နောက်တစ်ရက်မှာ Medcomp Canada က လိုနေတဲ့ ကလေးသုံး Catheter ဟာ New Zealand မှာသာရှိတဲ့အကြောင်း၊ တစ်ခုထဲလိုတယ် ဆိုရင် လှူပါမည်အကြောင်း၊ ချက်ချင်းပဲ မှီရာလေယာဉ်နဲ့ ပို့လိုက်မည်ဖြစ်ကြောင်း အကြောင်းပြန်ပါတယ်။

အားလုံးပေါင်းစပ်စီစဉ်မှုနဲ့ ကလေးအတွက် Catheter ဟာ မနေ့က (24 Nov 2018) မှာ လေဆိပ်ဂိုထောင်ကိုရောက်ပါတယ်။ ရောက်ရောက်ချင်း ကျနော်တို့ Myanmar Custom Officer များကိုအထူးအစီရင်ခံခွင့်တောင်းပြီး Custom Clearance လုပ်ခဲ့ပါတယ်။ Myanmar Custom အရာရှိများနဲ့ warehouse အဖွဲ့သားများ ပူးပေါင်းကူညီမှုကြောင့် (စနေ ရုံးပိတ်ရက်ဖြစ်သော်လည်း) မနေ့ညနေက ပစ္စည်းထုတ်လုပ်မှုပြီးစီးသွားပါတယ်။ (Medcomp ကလိုရမယ်ရ တစ်ခု အပိုထည့်ပြီး Catheter ၂ ခု လှူလိုက်ပါတယ်)

ဒီနေ့မနက်ပဲ ရန်ကုန်ကလေးဆေးရုံကြီး၊ ကျောက်ကပ်ဌာန သို့ ပေးပို့ပြီး၊ ကလေးလူနာအား အမြန်ဆုံးခွဲစိတ်မည်ဖြစ်ကြောင်း တာဝန်ကျ ဆရာမများ နှင့် လူနာ၏ အုပ်ထိန်းသူများ ဆီက ဝမ်းမြောက်ဝမ်းသာ ကြားသိရပါတယ်။

ခွဲစိတ်မှု အောင်မြင်ချောမွေ့ပြီး ကလေးလေး အမြန်ဆုံး ကျန်းမာရွှင်လန်းပါစေလို့ ဆုတောင်းပါတယ်။

အားလုံး၏ကြိုးစားမှု ကိုကျေးဇူးတင်ပါတယ်။
အထူးသဖြင့် လုံးဝမမြင်ဖူးတဲ့ လူနာကလေးတစ်ယောက်ပေါ် မေတ္တာထားပြီး ကူညီပေးခဲ့ကြသော-

၁) ကျနော်တို့ကို ကူညီခွင့်ရအောင် သတိတရ အကြောင်းကြားပေးသော ကိုညီထွေး (Singapore)၊ မဝေမီဟန် Charlene Ray (ရန်ကုန်)

၂) Medcomp မှ စီစဉ်လှူဒါန်းပေးသော Emma, Doreen နှင့် Susan အဖွဲ့

၃) ရုံးပိတ်ရက်ဖြစ်သော်လည်း မရရအောင် ကြိုးစားကူညီပေးသော Myanmar Custom မှ ဦးရဲထွဋ်အောင်၊ ဦးအောင်ဖြိုးခန့်၊ ဒေါ်ကလျာ၊ လေယာဉ်ကုန်လှောင်ရုံမှ ဦးတင်မြင့်၊ ဦးဇေယျာ။

၄) အစအဆုံး တာဝန်ယူဖြေရှင်းပေးသော ရွှေမြန်မာ့သွေးကုမ္ပဏီ မှ Managing Director ကိုပိုင်သန့်၊ Connected Advisor ဦးသန်းထွန်းအောင် တို့အား ကျေးဇူးအထူးတင်ရှိပါတယ်။

မြန်မာနိုင်ငံမှ ကလေးတစ်ယောက်အား Healthcare Professional ဆန်စွာ ကူညီလှူဒါန်းပေးခဲ့ကြတဲ့ Medcomp Canada နှင် Medcomp New Zealand မှ တာဝန်ရှိသူများ ကို ကျေးဇူးသိတတ်သော မြန်မာလူမျိုးများအနေနှင့် အောက်ပါ email များမှ တဆင့် ကျေးဇူးတင်လွှာ ပို့ပေးနိုင်ကြပါကြောင်း။

Emma – eruth@medcompnet.com
Doreen – doreen@medcompnet.com
Susan – sconroy@nzms.co.nz
Ruth – rhughes@nzms.co.nz

Leave a Reply

Your email address will not be published. Required fields are marked *