Partnership with DNR Wheels (Singapore)

မင်္ဂလာပါ

ယခုချိန်မှ စပြီး ရွှေမြန်မာ့သွေးကုမ္ပဏီလီမိတက် (Shwe Myanma Thway Co., Ltd. – SMMT Myanmar) ဟာ DNR Wheels Pte Ltd (Singapore) ရဲ့ Official Myanmar Partner ဖြစ်ကြောင်း နှင့် ၎င်း၏ Singapore Brand ဖြစ်သော ComfyCare ရဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တစ်ဦးတည်း ကိုယ်စားလှယ် ဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ သတင်းကောင်းပါးပါရစေ။

အကျိုးတူ ပူးပေါင်းလက်တွဲပြီး မြန်မာနှင့် စင်ကာပူ နှစ်နိုင်ငံလုံးမှ clients များအတွက် ကျန်းမာရေးနှင့်ပတ်သတ်သော ဝန်ဆောင်မှုများစွာ ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။

DNR Wheel Pte Ltd ဟာ စင်ကာပူ ၏ အကြီးဆုံးသော Disability, Rehab and Healthcare Equipment Supplier & Specialist အဖြစ် ၂၃ နှစ်ကြာ ရပ်တည်လာသော ကုမ္ပဏီ တစ်ခုဖြစ်တဲ့ အပြင် ၎င်း၏ Managing Director Mr. Raja Singh PBM (ဝဲ) သည်လည်း Singapore ၏ နိုင်ငံ့ဂုဏ်ဆောင် Paralympic Medalist ဟောင်း နှင့် လက်ရှိ စင်ကာပူနိုင်ငံလုံးဆိုင်ရာမသန်စွမ်းသာရေးနာရေး အဖွဲ့အစည်း၏ ဦးဆောင် အဖွဲ့ဝင်အဖြစ် စင်ကာပူ နိုင်ငံ ရှိ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ ရဲ့ ဘဝ မြှင့်တင်ရေး အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။

စင်ကာပူနိုင်ငံ၌ကျင်းပ ခဲ့သော Paralympic 2015 (မသန်စွမ်း အိုလံပစ် အားကစားပွဲ) ၏ နာယက အဖြစ် ဆောင်ရွက်ခဲ့ပြီး Singapore မသန်စွမ်းအားကစားသမားများ Paralympic သက်တမ်းတစ်လျှောက် ဆုတံဆိပ် အများဆုံး ဆွပ်ခူးနိုင်အောင် ဦးဆောင် ကွပ်ကဲ ပါဝင် လှုပ်ရှားခဲ့သူလည်းဖြစ်ပါတယ်။

Mr. Raja ကဲ့သို့ မသန်သော်လည်းစွမ်းသည့် စံပြ တစ်ယောက် နှင့် အကျိုးတူ ပူးပေါင်း ခွင့်ရရှိတဲ့ အတွက် ရွှေမြန်မာ့သွေး ကုမ္ပဏီလီမိတက် အနေနှင့် များစွာ ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း။ ။

Mingalarpar

We are proud to announce that Shwe Myanma Thway Co., Ltd. (SMMT Myanmar) is now the official Myanmar partner of DNR Wheels Pte Ltd (Singapore) and the sole authorised distributor of their ComfyCare product lines in Myanmar. We look forward to our prosperous business collaborations to serve our clients in both countries.

Mr. Raja Singh PBM (left in the picture), a former Singapore Paralympic Medalist, is the managing director of DNR Wheels Pte Ltd as well as a committee member of Handicap Welfare Association improving the lifestyle of handicaps in Singapore.

He also was the Chef de Mission of Singapore Paralympic 2015 and his Athletes grabbed the highest medal tally under his supervision.

SMMT Myanmar is much honoured and grateful to be an official partner with such an ambitious achiever like Mr. Raja Singh PBM.

Thank you.

1 thought on “Partnership with DNR Wheels (Singapore)”

Leave a Reply

Your email address will not be published. Required fields are marked *