Shwe Myanma Thway’s Activities At Ang Mo Kio-Thye Hua Kwan Hospital (Singapore)
[Zawgyi]
[Unicode]
ဒီနေ့ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား Spinal Chord Injury လူနာတစ်ဦးအတွက် ကျနော်တို့ ရွှေမြန်မာ့သွေး (SMMT) နှင့် ကျနော်တို့ရဲ့ Singapore Partner ဖြစ်တဲ့ DNR Wheels Pte Ltd တို့ပူးပေါင်းပြီး ထို လူနာအတွက် မြန်မာနိုင်ငံ၏ရာသီဥတု၊ လူနာရဲ့အသုံးပြုပုံ နှင့် ရေရှည်သင့်လျော်မည့် Active Wheelchair ရရှိရေးအတွက် ဆောင်ရွက်ခဲ့ကြပါတယ်။
သာမန်လူတစ်ယောက်အတွက် Wheelchair တစ်စီးဟာ အရေးမကြီးပေမဲ့၊ နေ့တဓူဝ ဒီ Wheelchair ကို မှီခိုအားပြုပြီး နေရမည့်သူအတွက် အတိုင်းအထွာ ၁ လက်မ လွဲရင်ကို အတော့်ကို အန္တရာယ်ရှိနိုင်ပါတယ်။
ဒီတော့ ကျနော်တို့တွေ Assessment တွေလုပ်ဆောင်ပြီး၊ ကျနော်တို့ SMMT မှ ပညာရှင် အပါအဝင် Singapore မှ ပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်ပြီး သူ့အတွက် အကောင်းဆုံးဖြစ်အောင် စီစဉ်နိုင်ခဲ့ကြတယ်။ အဲ့ဒီလို specialised case တွေအတွက် customise service နဲ့ consultations ကို ရွှေမြန်မာ့သွေး ရန်ကုန်ရုံးချုပ်မှာ လုပ်ဆောင်နိုင်တော့မှာပါ။ အသေးစိတ်သိလိုလျှင် cb မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဒါနဲ့ DNR Wheels ဆိုတာ စင်ကာပူနိုင်ငံရဲ့ အကြီးဆုံး Disabilities & Rehab specialist နှင့် Hospital equipment supplier အဖြစ် ၂၃ နှစ်ကြာ ရပ်တည်လာတဲ့ ကုမ္ပဏီတစ်ခုပါ။ ရွှေမြန်မာ့သွေး ဟာ DNR ရဲ့ မြန်မာနိုင်ငံအတွက် official partner ဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာပြောပါရစေ။ ။
Leave a Reply
Your email address will not be published. Required fields are marked *