#Stay Informed #Stay Healthy #Stay Calm #Stay Strong

COVID-19 Alert နှင့်ပတ်သက်၍ ကျွန်တော်တို့ ရွှေမြန်မာ့သွေးမှ အောက်ပါ Responsible Measures များကို စတင်လုပ်ဆောင်နေပါကြောင်း Customer များ၊ Client များ နှင့် Supplier များအား အသိပေးအပ်ပါတယ်။

၁) Stay Informed – တုန်လှုပ်ခြင်း၊ ကြောက်လန့်ခြင်းမရှိဘဲ တည်ငြိမ်စွာ ရှေ့ဆက်လျှောက်ရန် Company တစ်ခုလုံး အား သိသင့်သည့် ကျန်းမာရေးဗဟုသုတ များ၊ ဆောင်ရန် ရှောင်ရန်များ၊ လုပ်သင့်သည်များ၊ ထားသင့်သည့်ခံယူချက်များ ကို အကြောင်းကြားပြီးဖြစ်ကြောင်း။ တိကျခိုင်လုံသော သိသင့်သည့် ကျန်းမာရေး updates များအား မနက်တိုင်း အသိပေး အကြောင်းကြားလျက်ရှိကြောင်း။

၂) Stay Healthy – တစ်ဦးတစ်ယောက်ချင်းစီ၏ ကျန်းမာရေး ကောင်းနေစေရန်၊ ရေများများသောက်ရန်၊ လက်ဆေးရန်၊ လက်အိတ်ဝတ်ရန်၊ လိုအပ်လျှင် mask ဝတ်ရန်၊ Personal Hygiene အထူးဂရုပြုရန်၊ လုံလောက်သော အနားယူမှုရှိရန်၊ ၃ပေ အကွာ personal space ထားရန်၊ ရုံးတွင်းရုံးပြင် သန့်ရှင်းရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော ပြောဆိုဆက်ဆံမှုများ အစရှိသည့် များအား စည်းစနစ်ချမှတ်ပြီး လိုက်နာဆောင်ရွက်‌ေနကြပြီဖြစ်ကြောင်း။ လိုအပ်လျှင် အကောင်အထည်ဖော်ရန် နိုင်ငံတကာအဆင့်မှီ Tier 2, Tier 3 Responsible Counter Measures များ ချမှတ်ထားပြီးဖြစ်ကြောင်း။

၃) Stay Calm – နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ကိုင်လျက် Customer များအတွက် တာဝန်ယူနိုင်သော Supplier တစ်ဦးအဖြစ် အမြဲကြိုးစားရင်း၊ COVID-19 Global Challenge ကို အများပြည်သူများနှင့်အတူ တည်တည်ငြိမ်ငြိမ်ကြံ့ကြံ့ခံ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း။

၄) Stay Strong – မိမိကိုယ်ကိုယ်ကျန်းမာအောင်၊ ဗဟုသုတကြွယ်ဝအောင်၊ တည်ငြိမ်‌စွာ ကိုင်တွယ်လုပ်ဆောင်ဖြေရှင်းနိုင်‌ေအာင် ကြိုးစားရင်း Customer များ၊ Client များ အားကိုးရသည့် တာဝန်သိ Supplier ဖြစ်အောင် မားမား မတ်မတ် ရပ်တည်လျက်ရှိကြောင်း။

မြန်မာပြည်သူပြည်သားများနှင့်တကွ ကမ္ဘာသူ ကမ္ဘာသား အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ အေးချမ်းသာယာပြီး ယခု ရင်ဆိုင်နေရသော ကပ်ဘေးမှ အမြန်ဆုံး ကျော်လွှားနိုင်ပါစေ 🙏

 

Leave a Reply

Your email address will not be published. Required fields are marked *