Donation and Knowledge Sharing At National Rehabilitation Hospital, Yangon

{Unicode}

ကျနော်များ ရွှေမြန်မာ့သွေး ကုမ္ပဏီ နှင့်တွဲဖက်၍ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ (မရမ်းကုန်း) တွင်ကျင်းပခဲ့သော မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း (၁၆) ကြိမ်မြောက် အာစရိယ ပူဇော်ပွဲတွင်…..

Mr. Raja Singh (Singapore) မှ မတော်တဆကားတိုက်မှုကြောင့် ကိုယ်ခန္ဓာ အောက်ပိုင်း သေသွားခဲ့သော်လည်း သူ့နိုင်ငံအတွက် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရှင် အားကစား တစ်ဦး ဖြစ်အောင်၊ အခြားသော မသန်စွမ်းသူများအား အကျိုးပြုပေးနေသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်အောင် ကြိုးစားကျော်ဖြတ်ခဲ့သော ကိုယ်တွေ့ဘဝ အတွေ့အကြုံများကို ခင်မင်ရင်းနှီးစွာ မျှဝေ အားပေးခဲ့ပါတယ်။
ဟောပြောပွဲတက်ရောက်ခဲ့သော မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်းဝင်များ အားလုံးလည်း အားကျအတုယူသင်ယူစရာများ ရရှိမည်ဟုယုံကြည်ပါတယ်။

အပင်ပန်းခံပြီး ခုလို တကူးတကလာရောက်မျှဝေ အားပေးခဲ့သော စင်ကာပူမှ မိတ်ဆွေ Mr Raja Singh ကို အထူးကျေးဇူးတင်ပါတယ်။

အခုလိုစီစဉ်ပေးခွင့်ရတဲ့အတွက် ကျနော်များ ရွှေမြန်မာ့သွေး ကုမ္ပဏီ မှ ဝမ်းသာစွာ ကျေးဇူးတင်ပါတယ် ခင်ဗျာ 😊🙏

Motivational Talk & Experience Sharing Session by Mr. Raja Singh (DNR Wheels Singapore) about his journey: a former commando who became paralysed in a cycling accident in his 20s, went on to become an elite wheelchair racer after overcoming obstacles including self-rejection. He also co-founded a medical rehabilitation equipment and supplies company and contributed to his society as well as his nation as a Chef de Mission for Team Singapore in Asean Para Game 2009 and 2015.

Many Thanks to Mr Raja Singh for your kind gestures and SMMT Myanmar is grateful to have organized such an inspiring and contributing event for our disable society in Myanmar together with Myanmar Physically Handicapped Association 😊🙏

{Zawgyi}







Leave a Reply

Your email address will not be published. Required fields are marked *