Top 5 Habits That Can Harm Your Kidneys

{Unicode}

(Unicode)
 
ကျောက်ကပ်ကို ထိခိုက်စေနိုင်သော အချက် (၅) ချက်
====================================
 
ကျောက်ကပ်ရဲ့ အဓိကလုပ်ငန်းတာဝန်က ခန္ဓာကိုယ်တွင်းမှ မလိုအပ်တဲ့ အညစ်အကြေးများနှင့် အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး သွေးနီဥ ထုတ်လုပ်ခြင်းကို အားပေးပါတယ်။ အောက်ပါအချက် (၅) ချက် ဆင်ခြင်ပြီး ကျောက်ကပ်ကျန်းမာရေးကို ဂရုစိုက်လိုက်ကြပါစို့…
 
(၁) ရေသောက်နည်းခြင်း
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကျောက်ကပ်ဟာ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ သွေးသန့်စင်ရေး လုပ်ငန်းများ လုပ်ဆောင်ဖို့ ရေဓာတ် အများကြီး ပုံမှန်လိုအပ်ပါတယ်။ ရေသောက်နည်းခြင်းကြောင့် သွေးစီးဆင်းမှု နည်းခြင်း၊ သွေးပျစ်ခြင်း၊ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်များကို ပယ်ဖျက်ရန် ဟန့်တားနှောင့်နှေးစေခြင်းများကို ဖြစ်စေပါတယ်။
အရွယ်ရောက်ပြီးသူတိုင်း ကျန်းမာရေးအတွက် ရေဓာတ်ကောင်းကောင်းရဖို့ဆိုရင် တစ်နေ့ကို ရေ သို့မဟုတ် အဖျော်ရည် ၈ ခွက် မှ ၁၀ ခွက် အထိ သောက်သင့်ပါတယ်။ ဒါပေမဲ့ ​​”တန်ဆေး လွန်ဘေး” ဆိုတဲ့အတိုင်း ရေကို အလွန်အကျွံ သောက်ခြင်းဟာလည်း ကျောက်ကပ်အတွက် သိပ်မကောင်းဘူးဆိုတာကိုတော့ ကျန်းမာရေးဗဟုသုတအနေနဲ့ အသိပေးလိုက်ပါရစေ။ ဒါကြောင့် ခန့်မှန်းခြေ အနည်းဆုံး တစ်နေ့ကို ရေ ၂ လီတာ သောက်ပေးသင့်ပါတယ်။
 
(၂) အငန် အလွန်အကျွံ စားသုံးခြင်း
 
အငန်ကို စွဲစွဲလန်းလန်းနဲ့ များများစားသုံးခြင်းဟာလည်း ကျောက်ကပ်အတွက် မကောင်းပါဘူး။
အစားအစာထဲမှ ဆိုဒီယမ် ၉၅ % ကို ခန္ဓာကိုယ်အတွက် ကျောက်ကပ်မှ စုပ်ယူပေးပါတယ်။ အငန် များများ စားလာတဲ့အခါမှာ အဲ့ဒီ ပိုလျှံနေတဲ့ အငန်ဓာတ်ကို ကျောက်ကပ်က ခက်ခက်ခဲခဲနဲ့ ပင်ပင်ပန်းပန်း အလုပ်ပိုလုပ်ပြီး ဖယ်ရှားပေးနေရပါတယ်။ ကြာလာတဲ့အခါမှာ ကျောက်ကပ်က အလုပ်လုပ်မှု လျော့နည်းလာပါပြီ။
အငန်ဓာတ် ပိုမိုစားသုံးခြင်းဟာလည်း သွေးအတွင်း Water Retention နှင့် သွေးတိုးခြင်းတို့ကို ဖြစ်စေပါတယ်။
သွေးတိုးခြင်းဟာ အချိန်ကြာလာတာနှင့်အမျှ ကျောက်ကပ်ကို ဆိုးရွားစွာ ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အငန်ဓာတ်ကို တတ်နိုင်သလောက် လျော့စားသင့်ပါတယ်။
 
(၃) ဆေးလိပ် သောက်ခြင်း
 
ဆေးလိပ် သောက်ခြင်းဟာ သင့်ရဲ့ သွေးကြောများကို အလွန်အကျွံ ပျက်စီးစေနိုင်ပါတယ်။ ဆေးလိပ်တွင်ပါသော ဓာတုပစ္စည်းများကြောင့် ကျောက်ကပ်သို့ စီးဆင်းနေတဲ့ သွေးများကိုလည်း လျော့နည်းစေပါတယ်။
ထိုမှတဆင့် ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများကို ဆုံးရှုံးစေပြီး ကျောက်ကပ်ပျက်စီးကာ ပိုမိုဆိုးရွားတဲ့ ကျောက်ကပ်ရောဂါများကိုလည်း ဖြစ်လာစေပါတယ်။ လေ့လာမှုများအရ ဆေးလိပ်သောက်ခြင်းဟာ ကျောက်ကပ်ရောဂါများ ဖြစ်ခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းအား အများဆုံး ဖြစ်စေသော အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။
 
(၄) အရက် အလွန်အကျွံ သောက်ခြင်း
အရက်အပါအဝင် ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိတဲ့ အရာဝတ္ထုများကို ကျောက်ကပ် Filter က ကူညီဖယ်ရှားပေးပါတယ်။
ဒါကြောင့် အရက်ကို အလွန်အကျွံ သောက်တဲ့အခါ ကျောက်ကပ်ဟာ ဖိအားအများကြီးကို ခံစားရပါတယ်။ ထို့ကြောင့် အရက်ကို အလွန်အကျွံ သောက်ခြင်းဟာ ကျောက်ကပ်၏ သွေးသန့်စင်ရေးစနစ်ကို ပျက်စီးစေခြင်းရဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် အရက်ဟာ ရေဓာတ်ကို အလွန်အမင်း ခန်းခြောက်စေတဲ့အတွက် ခန္ဓာကိုယ်အတွင်း အရက်ပမာဏ လွန်ကဲလာသည်နှင့်အမျှ ရေဓာတ်အလွန်အကျွံ ဆုံးရှုံးခြင်း၊ ဝမ်းတွင်းကလီစာများ၏ လုပ်ငန်းဆောင်တာများကို နှောင့်နှေးခြင်းတို့ ဖြစ်စေပါတယ်။
အရက် အလွန်အကျွံ သောက်ခြင်းက အသည်းရောဂါများကို ဖြစ်စေတတ်ပြီး ပျက်စီးသော အသည်းမှတဆင့် စီးဆင်းလာသော သွေးများကြောင့် ကျောက်ကပ်ကိုပါ ထိခိုက်ပျက်စီးစေပါတယ်။
 
(၅) အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံ
သောက်ခြင်း
 
ဆရာဝန် ညွှန်ကြားတဲ့ အကိုက်အခဲ ပျောက်ဆေးများဟာ များစွာသော ဝေဒနာများကို ဖြေရှင်းပေးပါတယ်။
ဒါပေမဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို များများသောက်မိလာရင်တော့ ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။
ဆရာဝန် မညွှန်ကြားတဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ အကိုက်အခဲနှင့် အဖျားပျောက်ဆေးလိုပဲ ကျောက်ကပ်သို့ စီးဆင်းမယ့် သွေးကို လျော့ကျစေပါတယ်။ ဒီဆေးတွေဟာလည်း ကျောက်ကပ် Tissue တွေကို တိုက်ရိုက်အဆိပ်အတောက်ဖြစ်စေပြီး ကျောက်ကပ်ကို ထိခိုက်စေပါတယ်။
ကျောက်ကပ်ရောဂါဝေဒနာရှင်များရဲ့ ၃ % မှ ၅ % အထိဟာ အကိုက်အခဲပျောက်ဆေးတွေကို လိုတာထက်ပိုပြီး သုံးစွဲတာကြောင့် ဖြစ်နေကြတာပါ။ ဒါတင်မကသေးပါဘူး ကိုယ်လက်လှုပ်ရှားမှု အားနည်းခြင်းနှင့် အစားအစာတွေကို ချဥ့်ချိန်ပြီး မစားသောက်ခြင်း​တွေဟာ ကျောက်ကပ် ပျက်စီးတတ်တယ် ဆိုတာကို လူတော်တော်များများက ဂရုမပြုမိကြပါဘူး။
 
အထက်က ဖော်ပြခဲ့တဲ့ အချက် (၅) ချက်ကို အထူးဂရုပြု ဆင်ခြင်ကြပြီး ကျောက်ကပ်မပျက်စီးရအောင် ကာကွယ်တားစီးနိုင်ပါတယ်။
ထိုကဲ့သို့ ထိန်းသိမ်းဂရုပြု ဆင်ခြင်ကြခြင်းဖြင့် အနာဂတ်မှာ ဖြစ်နိုင်တဲ့ ရောဂါများစွာကို သင့်အနေနဲ့ ကြိုတင် ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မည်။
 
Reference: Hashem Al-Ghaili (@ScienceNaturePage)
Photo Credit: Original Owner.
{Zawgyi}

ေက်ာက္ကပ္ကို ထိခိုက္ေစႏိုင္ေသာ အခ်က္ (၅) ခ်က္
====================================

ေက်ာက္ကပ္ရဲ႕ အဓိကလုပ္ငန္းတာဝန္က ခႏၶာကိုယ္တြင္းမွ မလိုအပ္တဲ့ အညစ္အေၾကးမ်ားႏွင့္ အဆိပ္အေတာက္မ်ားကို ဖယ္ရွားေပးၿပီး ေသြးနီဥ ထုတ္လုပ္ျခင္းကို အားေပးပါတယ္။ ေအာက္ပါအခ်က္ (၅) ခ်က္ ဆင္ျခင္ၿပီး ေက်ာက္ကပ္က်န္းမာေရးကို ဂ႐ုစိုက္လိုက္ၾကပါစို႔…

(၁) ေရေသာက္နည္းျခင္း

ကြၽန္ေတာ္တို႔ရဲ႕ ခႏၶာကိုယ္ထဲမွာရွိတဲ့ ေက်ာက္ကပ္ဟာ သူ႔ရဲ႕ လုပ္ငန္းေဆာင္တာေတြျဖစ္တဲ့ ေသြးသန္႔စင္ေရး လုပ္ငန္းမ်ား လုပ္ေဆာင္ဖို႔ ေရဓာတ္ အမ်ားႀကီး ပုံမွန္လိုအပ္ပါတယ္။ ေရေသာက္နည္းျခင္းေၾကာင့္ ေသြးစီးဆင္းမႈ နည္းျခင္း၊ ေသြးပ်စ္ျခင္း၊ ခႏၶာကိုယ္ရဲ႕ အဆိပ္အေတာက္မ်ားကို ပယ္ဖ်က္ရန္ ဟန္႔တားေႏွာင့္ေႏွးေစျခင္းမ်ားကို ျဖစ္ေစပါတယ္။
အ႐ြယ္ေရာက္ၿပီးသူတိုင္း က်န္းမာေရးအတြက္ ေရဓာတ္ေကာင္းေကာင္းရဖို႔ဆိုရင္ တစ္ေန႔ကို ေရ သို႔မဟုတ္ အေဖ်ာ္ရည္ ၈ ခြက္ မွ ၁၀ ခြက္ အထိ ေသာက္သင့္ပါတယ္။ ဒါေပမဲ့ ​​”တန္ေဆး လြန္ေဘး” ဆိုတဲ့အတိုင္း ေရကို အလြန္အကြၽံ ေသာက္ျခင္းဟာလည္း ေက်ာက္ကပ္အတြက္ သိပ္မေကာင္းဘူးဆိုတာကိုေတာ့ က်န္းမာေရးဗဟုသုတအေနနဲ႔ အသိေပးလိုက္ပါရေစ။ ဒါေၾကာင့္ ခန္႔မွန္းေျခ အနည္းဆုံး တစ္ေန႔ကို ေရ ၂ လီတာ ေသာက္ေပးသင့္ပါတယ္။

(၂) အငန္ အလြန္အကြၽံ စားသုံးျခင္း

အငန္ကို စြဲစြဲလန္းလန္းနဲ႔ မ်ားမ်ားစားသုံးျခင္းဟာလည္း ေက်ာက္ကပ္အတြက္ မေကာင္းပါဘူး။
အစားအစာထဲမွ ဆိုဒီယမ္ ၉၅ % ကို ခႏၶာကိုယ္အတြက္ ေက်ာက္ကပ္မွ စုပ္ယူေပးပါတယ္။ အငန္ မ်ားမ်ား စားလာတဲ့အခါမွာ အဲ့ဒီ ပိုလွ်ံေနတဲ့ အငန္ဓာတ္ကို ေက်ာက္ကပ္က ခက္ခက္ခဲခဲနဲ႔ ပင္ပင္ပန္းပန္း အလုပ္ပိုလုပ္ၿပီး ဖယ္ရွားေပးေနရပါတယ္။ ၾကာလာတဲ့အခါမွာ ေက်ာက္ကပ္က အလုပ္လုပ္မႈ ေလ်ာ့နည္းလာပါၿပီ။
အငန္ဓာတ္ ပိုမိုစားသုံးျခင္းဟာလည္း ေသြးအတြင္း Water Retention ႏွင့္ ေသြးတိုးျခင္းတို႔ကို ျဖစ္ေစပါတယ္။
ေသြးတိုးျခင္းဟာ အခ်ိန္ၾကာလာတာႏွင့္အမွ် ေက်ာက္ကပ္ကို ဆိုး႐ြားစြာ ပ်က္စီးေစႏိုင္ပါတယ္။ ဒါေၾကာင့္ အငန္ဓာတ္ကို တတ္ႏိုင္သေလာက္ ေလ်ာ့စားသင့္ပါတယ္။

(၃) ေဆးလိပ္ ေသာက္ျခင္း

ေဆးလိပ္ ေသာက္ျခင္းဟာ သင့္ရဲ႕ ေသြးေၾကာမ်ားကို အလြန္အကြၽံ ပ်က္စီးေစႏိုင္ပါတယ္။ ေဆးလိပ္တြင္ပါေသာ ဓာတုပစၥည္းမ်ားေၾကာင့္ ေက်ာက္ကပ္သို႔ စီးဆင္းေနတဲ့ ေသြးမ်ားကိုလည္း ေလ်ာ့နည္းေစပါတယ္။
ထိုမွတဆင့္ ေက်ာက္ကပ္၏ လုပ္ငန္းေဆာင္တာမ်ားကို ဆုံးရႈံးေစၿပီး ေက်ာက္ကပ္ပ်က္စီးကာ ပိုမိုဆိုး႐ြားတဲ့ ေက်ာက္ကပ္ေရာဂါမ်ားကိုလည္း ျဖစ္လာေစပါတယ္။ ေလ့လာမႈမ်ားအရ ေဆးလိပ္ေသာက္ျခင္းဟာ ေက်ာက္ကပ္ေရာဂါမ်ား ျဖစ္ျခင္းႏွင့္ ေက်ာက္ကပ္ပ်က္စီးျခင္းအား အမ်ားဆုံး ျဖစ္ေစေသာ အေၾကာင္းအရင္းတစ္ခု ျဖစ္ပါတယ္။

(၄) အရက္ အလြန္အကြၽံ ေသာက္ျခင္း

အရက္အပါအဝင္ ခႏၶာကိုယ္အတြက္ အႏၲရာယ္ရွိတဲ့ အရာဝတၳဳမ်ားကို ေက်ာက္ကပ္ Filter က ကူညီဖယ္ရွားေပးပါတယ္။
ဒါေၾကာင့္ အရက္ကို အလြန္အကြၽံ ေသာက္တဲ့အခါ ေက်ာက္ကပ္ဟာ ဖိအားအမ်ားႀကီးကို ခံစားရပါတယ္။ ထို႔ေၾကာင့္ အရက္ကို အလြန္အကြၽံ ေသာက္ျခင္းဟာ ေက်ာက္ကပ္၏ ေသြးသန္႔စင္ေရးစနစ္ကို ပ်က္စီးေစျခင္းရဲ႕ အေၾကာင္းအရင္းတစ္ခု ျဖစ္ပါတယ္။
ဒါ့အျပင္ အရက္ဟာ ေရဓာတ္ကို အလြန္အမင္း ခန္းေျခာက္ေစတဲ့အတြက္ ခႏၶာကိုယ္အတြင္း အရက္ပမာဏ လြန္ကဲလာသည္ႏွင့္အမွ် ေရဓာတ္အလြန္အကြၽံ ဆုံးရႈံးျခင္း၊ ဝမ္းတြင္းကလီစာမ်ား၏ လုပ္ငန္းေဆာင္တာမ်ားကို ေႏွာင့္ေႏွးျခင္းတို႔ ျဖစ္ေစပါတယ္။
အရက္ အလြန္အကြၽံ ေသာက္ျခင္းက အသည္းေရာဂါမ်ားကို ျဖစ္ေစတတ္ၿပီး ပ်က္စီးေသာ အသည္းမွတဆင့္ စီးဆင္းလာေသာ ေသြးမ်ားေၾကာင့္ ေက်ာက္ကပ္ကိုပါ ထိခိုက္ပ်က္စီးေစပါတယ္။

(၅) အကိုက္အခဲေပ်ာက္ေဆးမ်ား အလြန္အကြၽံ
ေသာက္ျခင္း

ဆရာဝန္ ၫႊန္ၾကားတဲ့ အကိုက္အခဲ ေပ်ာက္ေဆးမ်ားဟာ မ်ားစြာေသာ ေဝဒနာမ်ားကို ေျဖရွင္းေပးပါတယ္။
ဒါေပမဲ့ အကိုက္အခဲ ေပ်ာက္ေဆးေတြကို မ်ားမ်ားေသာက္မိလာရင္ေတာ့ ေက်ာက္ကပ္ကို ပ်က္စီးေစႏိုင္ပါတယ္။
ဆရာဝန္ မၫႊန္ၾကားတဲ့ အကိုက္အခဲေပ်ာက္ေဆးေတြဟာ အကိုက္အခဲႏွင့္ အဖ်ားေပ်ာက္ေဆးလိုပဲ ေက်ာက္ကပ္သို႔ စီးဆင္းမယ့္ ေသြးကို ေလ်ာ့က်ေစပါတယ္။ ဒီေဆးေတြဟာလည္း ေက်ာက္ကပ္ Tissue ေတြကို တိုက္႐ိုက္အဆိပ္အေတာက္ျဖစ္ေစၿပီး ေက်ာက္ကပ္ကို ထိခိုက္ေစပါတယ္။
ေက်ာက္ကပ္ေရာဂါေဝဒနာရွင္မ်ားရဲ႕ ၃ % မွ ၅ % အထိဟာ အကိုက္အခဲေပ်ာက္ေဆးေတြကို လိုတာထက္ပိုၿပီး သုံးစြဲတာေၾကာင့္ ျဖစ္ေနၾကတာပါ။ ဒါတင္မကေသးပါဘူး ကိုယ္လက္လႈပ္ရွားမႈ အားနည္းျခင္းႏွင့္ အစားအစာေတြကို ခ်ဥ့္ခ်ိန္ၿပီး မစားေသာက္ျခင္း​ေတြဟာ ေက်ာက္ကပ္ ပ်က္စီးတတ္တယ္ ဆိုတာကို လူေတာ္ေတာ္မ်ားမ်ားက ဂ႐ုမျပဳမိၾကပါဘူး။

အထက္က ေဖာ္ျပခဲ့တဲ့ အခ်က္ (၅) ခ်က္ကို အထူးဂ႐ုျပဳ ဆင္ျခင္ၾကၿပီး ေက်ာက္ကပ္မပ်က္စီးရေအာင္ ကာကြယ္တားစီးႏိုင္ပါတယ္။
ထိုကဲ့သို႔ ထိန္းသိမ္းဂ႐ုျပဳ ဆင္ျခင္ၾကျခင္းျဖင့္ အနာဂတ္မွာ ျဖစ္ႏိုင္တဲ့ ေရာဂါမ်ားစြာကို သင့္အေနနဲ႔ ႀကိဳတင္ ကာကြယ္ၿပီးသား ျဖစ္ပါလိမ့္မည္။

Reference: Hashem Al-Ghaili (@ScienceNaturePage)
Photo Credit: Original Owner.

Leave a Reply

Your email address will not be published. Required fields are marked *